MeeTime


Anytime, All-Purpose Calling in All its Splendor
HD Calling Made Easy




MeeTime သည် HD အသံနှင့်ဗီဒီယို1 ခေါ်ဆိုမှုများကို စမတ်ဖုန်းများ၊ တက်ဘလက်များ၊ စမတ်နာရီများနှင့် Visions2 များတွင် ကိုယ်ချစ်ခင်ရသူများနှင့် အဆက်မပြတ်သွားစေဖို့ လွယ်ကူစွာချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်သည်။ မတည်ငြိမ်သော နက်ဝေါ့ခ် အခြေအနေများတွင်ပင် ကြည်လင်ပြတ်သားစွာ ဆက်လက်ပြောဆိုစေနိုင်မှာဖြစ်ပြီး သင်ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ်ပြတ်တောက်စေမှာမဟုတ်ပါဘူး။
Seamless Screen Sharing3

အွန်လိုင်းကပစ္စည်းဝယ်ဖို့ အတွက် ကိုယ့်အချစ်ဆုံးသူငယ်ချင်းရဲ့ ဝေဖန်အကြံပြုချက်လိုအပ်နေပါသလား ? ကိုယ့်မိဘတွေ ခေတ်ပေါ်နည်းပညာတွေနဲ့ အကျွမ်းတဝင်မရှိလို့ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့လား ? Video Call ပြောဆိုနေရင်းနဲ့ Screen အပြန်အလှန် Share ပြီး ကိုယ်လိုချင်တဲ့အရာတွေကို ဝိုင်းပြတာ ၊ အမှန်ခြစ်ပြတာတွေ ပြုလုပ်ပေးနိုင်ပြီး ပိုမိုလွယ်ကူရှင်းလင်းစွာနဲ့ ဝေမျှပေးနိုင်ပါတယ်။
One-Touch Beauty Settings
Video Calls ခေါ်ဆိုနေရင်းမှာပဲ beauty settings များကို လိုအပ်သလိုပြုပြင်ပြောင်းလဲပြီး ကိုယ့်ရဲ့အလှဆုံးမျက်နှာကို ကမ္ဘာကြီးနဲ့အတူ ဝေမျှပေးလိုက်ပါ။

Low-Light Enhancement
အများအားဖြင့် ညဘက်လိုအချိန်မျိုးမှာ Video Calls ခေါ်ဆိုတဲ့အခါ ပြင်ပ အလင်းရောင်အားနည်းတတ်အတွက်ကြောင့် အရမ်းမှောင်နေတာ၊ သေချာမမြင်ရတာတွေဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ စခရင်ပေါ်မှာရှိတဲ့ မီးသီးပုံခလုတ်လေးကို နှိပ်ပြီး ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ပိုပြီး လင်းလင်းချင်းချင်းမြင်ရစေအောင် ပြုလုပ်ပေးနိုင်ပါတယ်။
