ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်တွင် မိုဘိုင်း ဒေတာသုံး၍ အင်တာနက် ချိတ်ဆက်သုံးစွဲရာ၌ နှေးကွေးနေခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်တွင် မိုဘိုင်း ဒေတာသုံး၍ အင်တာနက် ချိတ်ဆက်သုံးစွဲရာ၌ နှေးကွေးနေခြင်း

ကွန်ရက် ချိတ်ဆက်မှု မကောင်းခြင်း၊ ဖုန်းကေ့စ်အသုံးပြုပုံ မမှန်ကန်ခြင်း၊ မိုဘိုင်း ဒေတာ ကန့်သတ်ချက်သို့ ရောက်ရှိသွားခြင်း၊ ချို့ယွင်းနေသော SIM ကတ်၊ အက်ပ်ပုံမှန်မဟုတ်မှုများ သို့မဟုတ် မမှန်ကန်သော ဆက်တင်များကြောင့် အင်တာနက်လိုင်း နှေးကွေးခြင်း ဖြစ်နိုင်သည်။

သင့်ဖုန်း/တက်ဘလက်တွင် မိုဘိုင်း ဒေတာသုံး၍ အင်တာနက် ချိတ်ဆက်သုံးစွဲရာ၌ နှေးကွေးနေပါက အောက်ပါ အဆင့်များကို လုပ်ဆောင်ပါ-

သံလိုက်ဓာတ်ပါသော သို့မဟုတ် သတ္တုဖုန်းကေ့စ်၊ သံလိုက်ဓာတ်ပါသော ဒေါက် သို့မဟုတ် သံလိုက်ဓာတ်ပါသော ခွက်သုံးခြင်းမှ ရှောင်ကြဉ်ပါ

သတ္တုနှင့် သံလိုက် ပစ္စည်းများသည် လိုင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။

နောက်ခံတွင် ဒေါင်းလုဒ်လုပ်နေဆဲအလုပ် ရှိမရှိ စစ်ဆေးပါ

နောက်ခံတွင် ဒေတာသုံးစွဲမှုမြင့်မားသည့်ဒေါင်းလုဒ်များက ကွန်ရက် ရင်းမြစ်များကို အသုံးပြုနေသောကြောင့် အင်တာနက် အမြန်နှုန်းများကို နှေးကွေးစေသည်။ နောက်ခံ လုပ်ဆောင်ချက်များကို ရှင်းပစ်ပြီး ထပ်မံ ကြိုးစားကြည့်ရန် အကြံပြုသည်။

  • လက်ဟန်ဖြင့် လမ်းညွှန်ခြင်း- မကြာသေးမီက လုပ်ဆောင်ချက်များ မျက်နှာပြင်ကို ပြသရန် မျက်နှာပြင်၏ အောက်ခြေမှ အပေါ်သို့ ပွတ်ဆွဲပြီး အောက်ခြေရှိ အမှိုက်ပုံး အိုင်ကွန်ကို နှိပ်ပါ။
  • ကီးသုံးခုဖြင့် လမ်းညွှန်မှု- မကြာသေးမီက လုပ်ဆောင်ချက်များ မျက်နှာပြင်ကို ပြသရန် တတိယကီးကို နှိပ်ပြီး အောက်ခြေရှိ အမှိုက်ပုံး အိုင်ကွန်ကို နှိပ်ပါ။

ကွန်ရက် ချိတ်ဆက်မှု မကောင်းခြင်း

သင့်ဖုန်း/တက်ဘလက်ကို ဆက်သွယ်ရေး ကယ်ရီယာတူသည့် SIM ကတ်သုံးနေသော အခြားဖုန်းနှင့် နှိုင်းယှဉ်ရန် အကြံပြုထားသည်။ အခြားဖုန်းတွင် အလားတူ ပြဿနာ ဖြစ်ပွားပါက ကွန်ရက်လိုင်း မကောင်းခြင်းကြောင့် ပြဿနာပေါ်ပေါက်ခြင်း ဖြစ်နိုင်သည်။ ဤကိစ္စရပ်တွင် အခြားနေရာသို့ ပြောင်းကြည့်ပြီး ထပ်မံကြိုးစားပါ။

ကွန်ရက် အမြန်နှုန်းသည် ကွန်ရက် စံနှုန်း (3G/4G/5G) အပေါ် မူတည်ပြီး ကွဲပြားနိုင်သည်။ ဖုန်း/တက်ဘလက်၏ ကွန်ရက် စံနှုန်းသည် သင့်ဖုန်း/တက်ဘလက်၏ ကွန်ရက် စံနှုန်းနှင့် တူညီကြောင်း သေချာပါစေ။

သင့် SIM ကတ် ချို့ယွင်းနေခြင်းရှိ၊ မရှိ စစ်ဆေးပါ

  1. သုံးစွဲထားသော မိုဘိုင်း ဒေတာ ပမာဏက သင့်ကန့်သတ်ချက်ထက် ကျော်လွန်နေသည်

    သုံးစွဲထားသော ဒေတာပမာဏက သတ်မှတ်အဆင့်တစ်ခုကို ကျော်လွန်သွားသည်နှင့် အကန့်အသတ်မဲ့ မိုဘိုင်း ဒေတာ ပလန်အချို့သည် အင်တာနက် ချိတ်ဆက်သုံးစွဲသည့် မြန်နှုန်းကို ကန့်သတ်နိုင်သည်။ သင့်ပလန်အတွက် ခွင့်ပြုပမာဏထက် ဒေတာကို ပို၍သုံးထားခြင်းရှိ၊ မရှိ စစ်ဆေးရန် သင့်ဆက်သွယ်ရေး ကယ်ရီယာကို ဆက်သွယ်နိုင်ပါသည်။

  2. SIM ကတ်ကို မှတ်ပုံတင်ထားသည့် နေရာမဟုတ်ဘဲ အခြားနေရာတွင် ၎င်းကို အသုံးပြုသည့်အခါ အင်တာနက် ချိတ်ဆက်သုံးစွဲမှု နှေးကွေးသည်

    ဖုန်းနံပါတ်ကို မှတ်ပုံတင်ထားသည့် နေရာမဟုတ်ဘဲ အခြားနေရာတွင် SIM ကတ်ကို အသုံးပြုသည့်အခါ အင်တာနက် ချိတ်ဆက်သုံးစွဲမှုမြန်နှုန်း ကျသွားပါက သို့မဟုတ် တက်လိုက်ကျလိုက်ဖြစ်နေပါက နံပါတ်မှတ်ပုံတင်ထားသည့် နေရာသို့ ပြန်သွားပါ။ SIM ကတ်၏ ကွန်ရက် ဆက်တင်များကို ပြန်လည်သတ်မှတ်ရန်အတွက် ဆက်သွယ်ရေး ကယ်ရီယာ၏ သုံးစွဲသူ ဝန်ဆောင်မှုကို ဆက်သွယ်ရန် (သို့မဟုတ် SIM ကတ်အသစ် လျှောက်ထားရန်အတွက် သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ သွားပြီး ထပ်မံကြိုစားကြည့်ရန်) အကြံပြုသည်။

  3. အရန်ကတ်သည် သုံး၍မရတော့ပါ သို့မဟုတ် လက်ကျန်ငွေ အနုတ်ပြနေသည်

    အရန် SIM ကတ်တွင် လက်ကျန်ငွေ အနုတ်ပြနေပါက သို့မဟုတ် ၎င်းကို သုံး၍မရတော့ပါက သင့်အင်တာနက် ချိတ်ဆက်သုံးစွဲမှုကို ထိခိုက်နိုင်သည်။

    ကို ဖွင့်ပါ၊ ထိပ်ဆုံးရှိ ရှာဖွေရေး အကွက်တွင် သို့မဟုတ် ကို ထည့်သွင်း၍ အရန် SIM ကတ်ကို ပိတ်ပါ သို့မဟုတ် ၎င်းကို ထုတ်လိုက်ပါ။

  4. IoT ကတ်/ဒေတာသီးသန့်သုံး SIM ကတ်

    IoT သို့မဟုတ် ဒေတာသီးသန့်သုံး SIM ကတ်အချို့တွင် စာရင်းသွင်းမှု အချက်အလက်ဆိုင်ရာ ကွဲပြားမှုများကြောင့် ကွန်ရက် မြန်နှုန်းနှေးသွားခြင်းကို ကြုံရနိုင်သည်။ သင်သည် ပုံမှန် SIM ကတ်ကို သုံး၍ ထပ်မံလုပ်ကြည့်နိုင်သည်။

အက်ပ်ချို့ယွင်းနေခြင်းရှိ၊ မရှိ စစ်ဆေးပါ

သင့်ဖုန်း/တက်ဘလက်တွင် အချို့သော အက်ပ်များ သို့မဟုတ် ဝက်ဘ်ဆိုက်များကို အသုံးပြုသည့်အခါ အင်တာနက် ချိတ်ဆက်သုံးစွဲမှု နှေးကွေးခြင်းကို ကြုံတွေ့နေရပါက-

  • မကြာသေးမီက လုပ်ဆောင်ချက်များ မျက်နှာပြင်သို့ သွားပြီး ကွန်ရက် အမြန်နှုန်းနှေးကွေးသည့် အက်ပ်ကို ရှာဖွေကာ ၎င်းကို ပိတ်ရန် အပေါ်သို့ ပွတ်ဆွဲပါ။ ထို့နောက် ၎င်းကို ဖွင့်ပြီး ထပ်မံကြိုးစားပါ။
  • အက်ပ်ကို ဖြုတ်ချ၍ ပြန်လည် ထည့်သွင်းပြီးနောက် ထပ်မံ ကြိုးစားကြည့်ပါ။
  • ပြဿနာဆက်ရှိနေပါက ဆာဗာ မူမမှန်ခြင်းဖြစ်ရှိနိုင်သည်။ အက်ပ်/ဝက်ဘ်ဆိုက်ကို ဆက်သွယ်ရန် အကြံပြုသည်။

(သို့မဟုတ် ) ကို ပိတ်ပါ

> > // သို့ သွား၍ သို့မဟုတ် ကို ပိတ်ပြီး ဘတ်ထရီပမာဏသည် 20% ကျော်ကြောင်း သေချာအောင်လုပ်ရန် အကြံပြုသည်။

  • သို့မဟုတ် ကို ဖွင့်ထားပါက သို့မဟုတ် ဘတ်ထရီပမာဏနည်းနေပါက သင့်စက်သည် ဘတ်ထရီ သက်တမ်းပိုခံစေရန်အတွက် ဖုန်းလုပ်ဆောင်ချက်အချို့ကို အလုပ်လုပ်ခြင်းမှ ကန့်သတ်လိုက်ပါမည်။

APN နှင့် ကွန်ရက် ဆက်တင်များကို ပြန်လည်သတ်မှတ်ပါ

ပြဿနာ မပြေလည်သေးပါက အောက်ပါ အဆင့်များကို လုပ်ဆောင်ပါ-

  1. APN ကို ပြန်လည်သတ်မှတ်ခြင်း

    ဆက်တင် ကို ဖွင့်ပါ၊ ထိပ်ဆုံးရှိ ရှာဖွေရေး အကွက်တွင် APNs ကို ရှာ၍ မိုဘိုင်း ဒေတာ ဆက်တင်များ မျက်နှာပြင်ကို ဝင်ရောက် သုံးစွဲရန် အင်တာနက် ဝင်ရောက်သုံးစွဲနိုင်သည့် ပွိုင့်အမည်များ (APNs) ကို နှိပ်ပါ။ အင်တာနက် ဝင်ရောက်သုံးစွဲနိုင်သည့် ပွိုင့်အမည်များ (APNs) ကို ထပ်မံနှိပ်ပါ၊ အပေါ်လက်ယာဘက်ထောင့်ရှိ / ကို နှိပ်ပြီး မူလအတိုင်း ပြန်သတ်မှတ်ရန် ကို ရွေးချယ်ပါ။

  2. ကွန်ရက် ဆက်တင်များကို ပြန်လည်သတ်မှတ်ခြင်း

    ဆက်တင်ကို ဖွင့်ပြီး ကွန်ရက် ဆက်တင်များအား ပြန်လည်သတ်မှတ်ရန် ကို ရှာဖွေ၍ ဝင်ရောက် သုံးစွဲကာ ကွန်ရက် ဆက်တင်များအား ပြန်လည်သတ်မှတ်ရန် ကို နှိပ်ပါ။

    ဤသို့လုပ်ဆောင်ခြင်းသည် သင့် Wi-Fi နှင့် ဘလူးတုသ် ချိတ်ဆက်မှု မှတ်တမ်းအားလုံးကို ဖျက်ပစ်လိုက်ပါမည်။ ဤသို့လုပ်ဆောင်ချိန်တွင် အတည်ပြုရန်အတွက် လော့ခ်မျက်နှာပြင် စကားဝှက်ကို လိုအပ်သည်။

ပြဿနာ မပြေလည်သေးပါက

ပြဿနာ မပြေလည်သေးပါက အကူအညီ ရယူရန်အတွက် Huawei သုံးစွဲသူ ဝန်ဆောင်မှုဌာန ဟော့လိုင်းကို ဆက်သွယ်ပါ သို့မဟုတ် သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက် ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်