HUAWEI MatePad T 10 မှာ 9.7-inch HD မျက်နှာပြင်ကို အသုံးပြုထားပြီး ကျစ်ကျစ်လစ်လစ်နှင့် သေသပ်လှပသောပုံစံနှင့် ဖွဲ့စည်းထားပါတယ်။ ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူတာကြောင့် သင်ကြိုက်နှစ်သက်တဲ့နေရာတိုင်းမှာ အကောင်းဆုံးမြင်ကွင်းကျယ်ခရီးကို စတင်နိုင်ဖို့အတွက် သင့်အကြိုက်ဆုံး apps တွေ၊ ဂိမ်းတွေနဲ့ ဗီဒီယိုတွေကို သင့်လက်ထဲမှာရယူထားနိုင်ပါတယ်။
Acoustic ပွဲအတွက်အစဉ်သင့်ပဲလား။ HUAWEI MatePad T 10 ရဲ့ ဘေးနှစ်ဖက်မှာပါဝင်တဲ့ dual-speaker system က အချိုးကျသောအသံကို ပေးစွမ်းပြီး ပိုမိုအားကောင်းသောအသံစနစ်ကိုရရှိနိုင်ရန် သင့်အတွက်ဖန်တီးပေးပါတယ်။ ကြည်လင်ပြတ်သားမှု၊ အလယ်အလတ်မှအမြင့်ဆုံးဘေ့စ်၊ ဂီတသံအသေးစိတ်ကို တသတ်မတ်တည်းကြားနိုင်ရန် HUAWEI Histen 6.1 နည်းပညာနှင့် ပံ့ပိုးပေးထားပါတယ်။
Octa-core chipset နှင့် အဆင့်မြင့် algorithm တို့ပေါင်းစပ်ထားတဲ့ EMUI 10.11 က အဆင့်မြင့်သောဂရပ်ဖစ်နှင့်စွမ်းဆောင်ရည်ကို ပေးစွမ်းပါတယ်။ သတင်းဖတ်ခြင်း၊ ဗီဒီယိုကြည့်ခြင်း သို့မဟုတ် ဈေးဝယ်ထွက်ခြင်းတို့ကို သင့်စိတ်ကြိုက် apps တွေကိုပြောင်းလဲအသုံးပြုပြီး ချောမွေ့တည်ငြိမ်သော အတွေ့အကြုံကို ခံစားရမှာဖြစ်ပါတယ်။
HUAWEI App Multiplier2 က သင် အလျားလိုက်အသုံးပြုလျှင် app တစ်ခုတည်းကို windows နှစ်ခုဖြင့် အသုံးပြုနိုင်ပါတယ်။ သင်တစ်ဖက်တွင်ဈေးဝယ်နေချိန်မှာ အခြားတစ်ဖက်တွင် ဝယ်ယူမည့်ပစ္စည်းကိုပုံအကြီး တပြိုင်နက်ကြည့်ခြင်း သို့မဟုတ် စာရင်းစစ်နေရင်းနှင့် သတင်းဖတ်ခြင်းတို့ကိုပြုလုပ်နိုင်ပြီး ပိုမိုအဆင်ပြေစေရန် windows ရဲ့အရွယ်အစားကို အကြီးအသေး ပြောင်းရွှေ့နိုင်ပါသေးတယ်။3
သင်ကြိုက်နှစ်သက်သည့်စာအုပ်ကိုဖတ်နေချိန်တွင် eBook mode ကိုရွေးချယ်ပြီး စာဖတ်ခြင်းအတွေ့အကြုံကို ခံစားလိုက်ပါ။
ညအချိန်တွင် Dark mode ကိုပြောင်းလဲခြင်းဖြင့် သင့်မြင့်ကွင်းအတွက် အလင်းလျော့ချပေးပြီး ပိုမိုပျော့ပြောင်းသောမြင်ကွင်းကို ခံစားလိုက်ပါ။
Recorder ဖြင့်ချစ်စရာကောင်းသော သားချော့တေးများကိုဆိုပြီးပြန်ဖွင့်ပါ၊ ကင်မရာဖြင့် အမှတ်တရများအားလုံးကို သိမ်းဆည်းထားပါ၊ Kids Painting နဲ့ လွတ်လပ်စွာဖန်တီးလိုက်ပါ၊ Media မှာစွန့်စားခန်းများကို ပြန်လည်ခံစားပါ၊ သင့်ကလေးရဲ့ လေ့လာစူးစမ်းမှုနှင့် သဘာဝအလျောက်ဖန်တီးနိုင်စွမ်းတို့ကို Kids Corner မှာ ရှာဖွေလိုက်ပါ။ အသက်အရွယ်နှင့်လိုက်လျောညီထွေသော အကြောင်းရာများဖြင့် ထိန်းကျောင်းပေးပြီး သင်က parental control ဖြင့်ကြည့်ရှုနေရုံသာမက သူတို့ရဲ့မျက်လုံးများ5 ကို ကောင်းမွန်သော feature များနဲ့ ကာကွယ်ပေးထားပါတယ်၊ နေ့စဉ်အသုံးပြုနေစဉ်တွင် ကလေးရဲ့ကျန်းမာရေးနှင့် ကြီးထွားမှုကို ဂရုစိုက်ပေးပါတယ်။