HUAWEI MediaPad T1 8.0

  • လှပသော ဒီဇိုင်း

    ဆန်းသစ်၍ တင့်တယ်လှပသော HUAWEI MediaPad T1 8.0 သည် သင့်လက်ထဲမှ ချော်ထွက်သွားတော့မည့် အလား ချောမွေ့ ပါးလွှာလှပါသည်။ နောက်ဘက်အဖုံးကို အလူမီနီယံဖြင့် ပြုလုပ်ထားပြီး ဘေးဘောင်သည်လည်း အလွန်ကျဉ်းမြောင်းလှသော ဒီဇိုင်းအဖြစ် ပြုလုပ်ထားပါသည်။

  • တောက်ပသော အရောင်များဖြင့် လှပသောမျက်နှာပြင်

    1280 x 800 IPS အမျိုးအစား မျက်နှာပြင် သည် ၉၀%နှင့် အထက် Adobe RGB အရောင်အမျိုးအစားကိုထုတ်လုပ်ပေးမှာ ဖြစ်ပါသည်။ မျက်နှာပြင် အချိုးအစားအားဖြင့် 16:10 screen ratio နှင့်ဖြစ်သောကြောင့် အခြား 4:3 screen ratio များထက်ပိုမိုကြီးမားသော မျက်နှာပြင်ဖြစ်ပြီး 178° wide-view angle လည်းပါဝင်ပါသည်။

  • ဘတ္ထရီစွမ်းအင်

    4800 mAh ဘတ္ထရီအမျိုးအစားကို အသုံးပြုထားပြီး အင်တာနက်အသုံးပြုရာတွင် 16 နာရီ၊ 3G voice calls အတွက် ၃၆နာရီ၊ ဗီဒီယိုဆက်တိုက်ကြည့်ခြင်း စသည့် ဖျော်ဖြေမှုများအတွက် ၁၃နာရီ၊ အသင့်သုံးအနေအထားတွင် ရက် ၂၀ကြာ အသုံးပြုနိုင်သော စွမ်းအားမြှင့် ဘတ္ထရီဖြစ်ပါသည်။

  • 1.2 GHz quad-core သုံးထားသော စွမ်းအားမြင့်လုပ်ဆောင်ချက်

    1.2 GHz quad-core ရှိ Qualcomm အမျိုးအစားသုံး processor နှင့် Android 4.3 Jelly Bean လုပ်ဆောင်ချက်များသည် HUAWEI MediaPad T1 8.0 တွင်ပါဝင်ပါသည်။ ဒါကြောင့် သင်သည် ဗီဒီယိုကြည့်ရှုခြင်း ၊ ဂိမ်းကစားခြင်းများ အစရှိသည့် လုပ်ဆောင်ချက်များကို အကောင်မွန်ဆုံးလုပ်ဆောင်နိုင်မှာ ဖြစ်ပါသည်။

  • အသံထွက်ကောင်းမွန်မှု

    HUAWEI MediaPad T1 8.0 သည် 2G / 3G voice calling ကိုထောက်ပံ့မှုပေးပြီး အသံထွက်လည်းကောင်းမွန်ပါသည်။

  • လုပ်ဆောင်ချက်များကို တကြိမ်တည်းပြုလုပ်နိုင်ခြင်း

    HUAWEI MediaPad T1 8.0 ၏ ထူးခြားသော လုပ်ဆောင်မှု တခုမှာ မျက်နှာပြင် တခုနှင့်တခု ပြောင်းလဲလုပ်နိုင်သော လုပ်ဆောင်မှုတခုပါဝင်ပါသည်။ သင်အကြိုက်ဆုံး ဗီဒီယို ကိုကြည့်ရှုနေချိန်တွင် သင်သည် သင့်ဗီဒီယို ကိုပိတ်စရာ မလိုဘဲ အခြားလုပ်ဆောင်မှုတခုကို သင်ပြုလုပ်နိုင်မှာ ဖြစ်ပါသည်။